“ ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသတစ်ခန်းရပ် အစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်ပြသမည်
နေပြည်တော်၊ ဇူလိုင် ၅
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက် လျက်ရှိရာ “ ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေး လျက်ရှိသည်။
“ ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “လွဲလွဲလေးလည်းကောင်းပါတယ်” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်၊ ချမ်းမြေ့၊ ရဲလေးမ၊ ကိုထွန်း၊ အိုကေ၊ ဉဩ၊ ဟာသမယ်မတူး၊ ရွှေယမင်းနှင့် ကြယ်စင်လင်းတို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်၊ စနေနေ့ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဇူလိုင် ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီ သတင်းအပြီးတွင်လည်း ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments