ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရိယတ္တိ စာသင်တိုက်ရှိ သီလရှင် အပါး ၄၀၀ ကျော်အတွက် ဆွမ်းဆန်နှင့် ဆီ လှူဒါန်း
နေပြည်တော် ဇူလိုင် ၅
နယ်စပ်ဒေသတိုင်းရင်းသား သီလရှင်များ အပါအဝင် သီလရှင် အပါး(၄၀၀) ကျော် သီတင်းသုံးနေသည့် နေပြည်တော် လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရိယတ္တိ စာသင် တိုက်ရှိ သီလရှင်များ ဆွမ်းအခက်အခဲ မဖြစ်ပေါ်စေရန် ယနေ့တွင် ဆုလာဘ်ပိုင် ဖောင်ဒေးရှင်းက ဆွမ်းဆန်နှင့် ဆီ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆုလာဘ်ပိုင်ဖောင်ဒေးရှင်းက ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရိယတ္တိ စာသင်တိုက်သို့ ဆွမ်း ဆန်စိမ်းအိတ် (၁၀၀)နှင့် ဆီ (၃၀)ပိဿာ လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါစာသင်တိုက်ရှိ စာသင် သီလရှင်များအတွက် တစ်နေ့လျှင် ဆန် (၂၄)ပြည် သုံးအိတ် ကုန်ကျကြောင်း၊ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်စာသင်တိုက်ရှိ စာသင် သီလရှင်များအတွက် လှူဒါန်းလိုသည့် သဒ္ဓါတရား ထက်သန်သော ကုသိုလ်ရှင် ပြည်သူများအနေဖြင့် ယင်းစာသင်တိုက်သို့ သွားရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments