မိုးသည်းထန်စွာရွာသွန်း၍ မိုင်ဖြတ်-မိုင်းယောင်းကားလမ်းတွင် မြေပြိုလမ်းပိတ်ဆို့ပြီး ဆိုက်ဆတ်ရေလွှဲဆည် ကျောက်စီနံရံအချို့ ထိခိုက်ပျက်စီး
မိုင်းဖြတ် ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် ၃ ရက် ညပိုင်းနှင့် ၄ ရက် နံနက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုင်းဖြတ်-မိုင်းယောင်း ကားလမ်းမပေါ် ၂၃ ကီလိုမီတာနှင့် ၂၄ ကီလိုမီတာကြားတို့တွင် မြေပြိုခြင်း၊ သစ်ပင်များ ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မော်တော်ယာဉ်များ ခရီးသွားလာခြင်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် မိုင်းဖြတ်မြို့နယ်၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဇာ်ကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ပြီး စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှားခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။ အလားတူ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နမ့်ကုန်းကျေးရွာအုပ်စု၊ ကချင်စံပြကျေးရွာအနီးရှိ စိုက်ပျိုးမြေ ဧက ၂၀၀ အကျိုးပြုသည့် ဆိုင်ဆတ်ရေလွှဲဆည်အောက်ပိုင်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ပြီး ကျောက်စီနံရံအချို့ ပြုတ်ပါသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်များကြောင့် လူနှင့် တိရစ္ဆာန်များ၊ စိုက်ပျိုးလယ်ယာမြေများ ပျက်စီးမှုမရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments