ဝေါမြို့နယ်၌ ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုး

 



ဝေါ ဇူလိုင် ၄


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကျိုက်လှကျေးရွာရှိ ရန်ကုန်-မော်လမြိုင် လမ်းမဘေး ကွင်းအမှတ် ၆၈၇(ခ) တောင်သူ ဒေါ်ရီစိန်၏ လယ်မြေတွင် ကျင်းပခဲ့သည်။


ဦးစွာ ပဲခူးခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက စပါးမျိုးပင်ချကိရိယာ ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းချစ်ထွန်းနှင့် ဝန်ထမ်းများ၊ ကျိုက်လှကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်လေ့လာကြသည်။


အောင်မြတ်လင်း(ပြန်/ဆက်)

No comments

Powered by Blogger.