အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှုဖြစ်ပွားသဖြင့် လေးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

 


ဇူလိုင် ၄

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီရာမြို့တွင် ယမန်နေ့ညပိုင်းက လူအုပ်စုလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်သည့် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

ဖီလာဒဲလ်ဖီရာမြို့၏အနောက်တောင်ဘက် ကင်ဆတ်ဆင်းဒေသတွင် ဒေသစံတော်ချိန် ည ၈နာရီ ၃၀ မိနစ်မတိုင်မီက ပစ်ခတ်သံကြားခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

ထိုပစ်ခတ်မှုတွင် အရွယ်မရောက်သေးသောသူနှစ်ဦးထက်မနည်းထိခိုက်ခဲ့သော်လည်း ၎င်းတို့၏အခြေအနေကို ချက်ချင်းမသိရှိရသေးကြောင်းနှင့် ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် ကျည်ကာအင်္ကျီဝတ်ထားသောသံသယရှိသူကို ဖမ်းဆီးရမိခဲ့ပြီး အနီးနားရှိလမ်းကြားထဲတွင် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ပစ္စတိုတစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.