အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) နှင့် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကြည့်ရှုစစ်ဆေး



ရန်ကုန် ဇူလိုင် ၅


အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) သို့ ရောက်ရှိပြီး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာလူငယ်များကို အသက်မွေးဝမ်းကျောင်းဆိုင် ရာပညာရပ်များ သင်ယူလေ့လာနိုင်ရန်နှင့် လူငယ်များ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်စေရေးအပြင် အသိပညာ အတတ်ပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် လက်တွေ့ သင်ကြားမှုဆိုင်ရာ သရုပ်ပြခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက CVT Myanmar အနေဖြင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်ရန် ဘာသာ ရပ်ဆိုင်ရာ ပညာရပ်များအပြင် လက်တွေ့ကျသော သက်မွေးပညာရပ်များကို ပေါင်းစပ်သင်ကြားပေး သည့် သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းဖြစ်၍ လုပ်သားထုအတွက် များစွာအကျိုးရှိကြောင်းနှင့် CVT Myanmar အနေဖြင့် နားလည်မှုစာချွန်လွှာ သက်တမ်းမကုန်ဆုံးမီ နားလည်မှုစာချွန်လွှာပါ အချက်အလက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့် သင်တန်းဆောင်များ တည်ဆောက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်မှုသင်တန်းများကို ဒေသလိုအပ်ချက်နှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေး၊ သင်တန်းဆင်းများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် သင်တန်းများ၏ အရည်အသွေး အာမခံချက်ရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပ‌ပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူး‌ပေါင်းဖွင့်လှစ်သော လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်းသင်တန်းအမှတ်စဉ် (၂/၂၀၂၃)၌တက်ရောက်နေသည့် သင်တန်းသား (၂၀)ကို လက်တွေ့ လေ့ကျင့်သင်ကြားနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယခုကဲ့သို့ သင်ယူမှုအခွင့်အလမ်းများ ရရှိနေချိန် တွင် သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျ ကြိုးစားသင်ယူ ရန်၊ လုပ်ငန်းခွင်တွင်လည်း လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကို ဆက်လက်လေ့လာသွားရန်နှင့် သင်တန်းသားများ သင်တန်းပြီးဆုံးပါက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုခံယူနိုင်သည့် အခွင့်အလမ်းများရှိသဖြင့် ဝင်ရောက် ဖြေဆိုရန် တိုက်တွန်းပြောကြားပြီး သင်တန်းကျောင်း ရုံးအဆောက်အဦနှင့် သင်တန်းခန်းမများကို အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)


No comments

Powered by Blogger.