ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြစ်ကြီးနားမြို့နယ်အတွင်း e-ID စနစ်လုပ်ငန်းအတွက် ဝန်ထမ်းများနှင့် မိသားစုများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု လှည့်လည်ကြည့်ရှုအားပေး



နေပြည်တော်   ဇူလိုင်   


e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား ကိုယ်ရေးအချက်အလက် (Bio graphic)နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူနေမှုကို  ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကချင်ပြည်နယ် ဦးစီးမှူးရုံးသို့ရောက်ရှိပြီး e-ID ဝန်ထမ်းများ က မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် အိမ်ထောင်စုစာရင်းများနှင့် ရုံးလက်ခံအိမ်ထောင်စုစာရင်းပါ အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စိစစ်ပြီးဖြစ်သော အချက်အလက်များကို နေပြည်တော်(ရုံးချုပ်)ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၊ ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကာ အချက်အလက်များ မှန်ကန်စေရေးနှင့် မိမိတို့ဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ (၃)ပွင့်ဆိုင် အတည်ပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်နယ်ဦးစီးမှူးက ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့မှု၊ မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေး ခြင်းဆိုင်ရာ အချက်အလက်များကို e-ID Sever ဖြင့် တိုက်ဆိုင် စိစစ်ပြင်ဆင်အတည်ပြု ဆောင်ရွက် နေမှုနှင့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူ နိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ‌ ကောက်ယူပြီးစီးမှု အခြေ အနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မိမိတို့ ဝန်ကြီး ဌာန၏ လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက် အရေးပါသည့် လုပ်ငန်းများဖြစ်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြို့နယ်အသီးသီး ၌ GIS  နည်းပညာအသုံးပြုရန် မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ရပ်ကွက်/ ကျေးရွာ တည်နေရာ Point များ ကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ သန်းခေါင်စာရင်းယူနစ် များ (Census Units) ရေးဆွဲခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံချက်ရေးဆွဲကာ ၂၀၂၃ ခုနှစ်၊ မေလ မှ အောက်တိုဘာလအထိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်း အားလုံးသည် နိုင်ငံတော်အတွက်အရေးကြီးပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သည့်အပြင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ ကန့်သတ်ချက် အခက်အခဲ အမျိုးမျိုးကြားမှ လုပ်ငန်းများအောင်မြင်အောင် ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကိုလည်း အချိန်မီ အဆင့်ဆင့်တင်ပြကြရန်နှင့် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစကြောင်း ပြောကြား သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၌ ဝန်ထမ်းများက GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲနိုင်ရန် လိုအပ်သော ရပ်ကွက်၊ ကျေးရွာ Point များ ကောက်ယူနေမှုကို ကြည့်ရှုအားပေးပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်အတူ တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ မြို့နယ်ရုံး ဝန်ထမ်းများက တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ကိုယ်ရေးအချက် အလက်(Biographic)နှင့် ဇီဝအချက်အလက် (Biometric)ကောက်ယူ၍ Unique ID ထုတ်ပေးနေမှု အခြေအနေကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက် များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.