လျှပ်စစ်သုံးမော်တော်ယာဉ်များရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ



နေပြည်တော် ဩဂုတ် ၉


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော MG,MG ZS EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၈) စီး၊ MG, MG4 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် (၂၃) စီးနှင့် Myanmar ArrThit Man MotorCo.,Ltd. မှ တင်သွင်းလာသော Changan Benni E-Star အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် အစီး (၅၀)၊ စုစုပေါင်း လျှပ်စစ်သုံး မော်တော်ယာဉ် (၈၁) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာရာ ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်း လွတ်ခွင့်ပြုထားကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.