“ဟာသမြို့တော်” ရယ်စရာ စင်တင်ဟာသတစ်ခန်းရပ်အစီအစဉ် မြန်မာ့ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်ပြသမည်



နေပြည်တော်၊  ဩဂုတ် ၉


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  “ဟာသမြို့တော် ” ရယ်စရာ စင်တင်ဟာသ တစ်ခန်းရပ်အစီအစဉ်ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ အပတ်စဉ် စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးလျက်ရှိသည်။


“ဟာသမြို့တော်” ရယ်စရာစင်တင်ဟာသတစ်ခန်းရပ် အစီအစဉ်ကို ဟားစတိုင်လ် လူရွှင်တော်အဖွဲ့မှ စတားကောင်းထက် စီစဉ်ပြီး “ရာဇဝင်ကြိုသိသူများ” ခေါင်းစဉ်ဖြင့် တင်ဆက်မည်ဖြစ်ရာ  အကယ်ဒမီ အောင်ခိုင်၊ စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်၊ ချမ်းမြေ့၊  တိမ်ညွန့်၊ ရာကျော်၊ နိုင်မိုး၊ မတူး၊ ကြူကြူသင်းနှင့် ခရမ်းတို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။


အဆိုပါ အစီအစဉ်ကို MRTV-HD Channel မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂ ရက်၊ စနေနေ့ ည(၈)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး  ဩဂုတ် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ (၆)နာရီ သတင်းအပြီး တွင်လည်း ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)   

No comments

Powered by Blogger.