အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ၂/ ၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကျင်းပ




နေပြည်တော် ဧပြီ ၁၀


အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၂/၂၀၂၄ ကြိမ် မြောက်အစည်းအဝေးကို ယနေ့တွင် ရုံးအမှတ်-၃၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။

ဉီးစွာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌက အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ထိရောက်စွာ အကောင်အထည်ဖော်ရန် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကဏ္ဍ အလိုက် ဖွဲ့စည်းထားသည့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးကော်မတီများ ကျစ်လစ်စွာပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်း စဉ်များ (Quick Win)ရွေးချယ် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ထားရှိပြီး အကောင် အထည်ဖော်ကြရမှာဖြစ်ကြောင်း၊ ဦးစားပေး ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းများက ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ အထောက်အကူပြု ကဏ္ဍများ၏ ပံ့ပိုးပေးနိုင်မှုများကလည်း ပို့ကုန်တင်ပို့မှု လွယ်ကူချော မွေ့စေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ကြ ရန်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး-၁  မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက်ကော်မတီများ ပြန်လည် ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသည်။


ထို့နောက် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီ များ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲဆောင်ရွက်ထားမှုများ၊ ဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.