အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄)နှင့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ
နေပြည်တော် ဧပြီ ၅
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာ
ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၅/၂၀၂၄)နှင့် အမှုထမ်းငယ်များအတွက်
အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) တို့၏ သင်တန်းဆင်းပွဲများကို ဧပြီ ၅ ရက် နံနက်ပိုင်းက
နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့တွင်
တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေက နေပြည်တော်၌ သင်တန်းဆင်း အမှာစကား ပြောကြားသည်။
အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၅/၂၀၂၄) ကို နိုင်ငံခြားရေး ဝန်ကြီးဌာန (နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)တို့တွင် တန်းခွဲနှစ်ခုဖြင့် ဇန်နဝါရီ ၁၅ ရက်မှ ဧပြီ
၅ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာ ဆက်ဆံရေးနှင့်
သံတမန်ရေးရာ ဘာသာရပ်များကို စိတ်ပါဝင်စားသူ စုစုပေါင်း ၁၉၉ ဦး တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင်
သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာ
ဘာသာရပ်များနှင့် အထွေထွေ ဗဟုသုတဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချခဲ့သည်။
ထို့ပြင် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း
အမှတ်စဉ် (၂/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် မတ်
၆ ရက်မှ ဧပြီ ၅ ရက်အထိ ရက်သတ္တ လေးပတ်ကြာဖြင့်
ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသစ်ခန့်အပ်လိုက်သည့် အငယ်တန်းစာရေး ၂၀
တက်ရောက်ခဲ့သည်။ သင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရုံးနှင့်ဝန်ထမ်းဆိုင်ရာ
စည်းကမ်းများ၊ အခြေခံ ရုံးလုပ်ငန်းနှင့် ကွန်ပျူတာ ကျွမ်းကျင်မှုတို့ကို
ပို့ချခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစား သံအမတ်ကြီးများ၊
ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ၊ သင်တန်းသား သင်တန်းသူများ
တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
No comments