အောင်ပန်းမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ
ကလော ဧပြီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်
အောင်ပန်းမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း၌
ဧပြီ ၅ ရက် နံနက်ပိုင်းက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊
အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပရာ ရှမ်းပြည်နယ်
စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၊
ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ၊
ရပ်မိ၊ရပ်ဖနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က
သင်တန်းဆင်း အမှာစကားပြောကြားပြီး အောင်ပန်းမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ
စက်မှုလက်မှုသင်တန်းကျောင်း ကျောင်းအုပ် ဦးခွန်စိုးစံက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား
ရှင်းလင်းတင်ပြသည်။ ထို့နောက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၂)၌ ထူးချွန်ဆုရရှိသူများကို
ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီးက ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း လက်မှတ်များကို
တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


No comments