ညောင်တုန်းမြို့နယ်၌ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကျင်းပ



 

ညောင်တုန်း ဧပြီ ၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ဧပြီ ၅ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်က ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းကို သင်တန်းသား ဆရာ ‌ဆရာမ ၆၁ ဦးကို သင်တန်းနည်းပြ ဆရာ ဆရာမ ငါးဦးက ဧပြီ ၅ ရက်မှ ၇ ရက်အထိ သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

 


No comments

Powered by Blogger.