ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ပူးပေါင်းစီစဉ်၍ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော် ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း- ၃ (AIPT3) တို့မှ သင်္ဘော ၅ စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၇၄,၅၀၀ တန်ကို တင်ပို့ခဲ့သည်။
အလားတူ အေးရှားဝေါလ်ဆိပ်ကမ်းမှ ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်သည်။
ထို့ပြင် ဧပြီ ၁၃ ရက် က မင်းထက်မင်းဆိပ်ကမ်း (MHM) မှ သင်္ဘော ၂ စီးဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅,၄၀၀ တန်နှင့် ဧပြီ ၁၅ ရက်တွင်လည်း Yangon International Gateway Terminal - YIGT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန်တို့ကို ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments