ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 



  

နေပြည်တော် ဧပြီ ၁၀


စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ဥရောပအာရှ စီးပွား ရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး H.E. Mr. Sergei GLAZEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် The Eurasian Economic Commission အဖွဲ့ဝင် နိုင်ငံများအကြား မဟာဗျူဟာမြောက် စွမ်းအင်ကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးကိစ္စများ၊ မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံတည်ဆောက်ပြီး ရေနံထွက်ပစ္စည်း ဖြန့်ဖြူး ရောင်းချရေးဆိုင်ရာကိစ္စများ၊ သဘာဝဓာတ်ငွေ့ရည် LNG တင်သွင်းပြီး ပြည်တွင်းသုံးနှင့် ဒေသတွင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချခြင်းဈေးကွက်ဆိုင်ရာကိစ္စများ၊ အထွက်နှုန်းကျဆင်းနေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများနှင့် အလားအလာကောင်း များရှိသောရေနံနှင့်သဘာဝဓာတ်ငွေ့မြေများတွင် အထွက်နှုန်းတိုးမြှင့်နိုင်ရန်သုတေသနပြု ဆောင်ရွက်ရေးကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ အနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စများအပြင် ရုပ်ကြွင်းလောင်စာဖြစ်တည်လာ မှုအတွေးအမြင်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်း ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ The Eurasian Economic Commission အဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.