ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနား တက်ရောက်




နေပြည်တော် ဧပြီ ၁၀


အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ပုံငွေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အေဂျင်စီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် MSME လုပ်ငန်းရှင်များအား ချေးငွေများအမြန်ဆုံး ထုတ်ချေးပေးနိုင်ရေး အတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း၊ ထို့ကြောင့် ချေးငွေများ ထုတ်ချေး ရာတွင် အကျိုးရှိ ထိရောက်စေ လိုကြောင်း၊ ချေးငွေများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေး ပေးရမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်အောင် အဓိက ဆောင်ရွက် လျက်ရှိ၍ လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိသည့် လုပ်ထုံးလုပ်နည်း များဖြစ်ရန်လည်း အရေးကြီး ကြောင်း၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေများကို မတည်ထားသဖြင့် ချေးငွေများ မပျောက်ပျက်ဘဲ လည်ပတ်စီးဆင်းနေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ အဖြေတစ်ခုရရှိအောင် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ အေဂျင်စီရုံးခွဲများမှတစ်ဆင့် MSME ချေးငွေများကို လျှောက်ထားမှု၊ စိစစ်နေမှု နှင့်စိစစ်ပြီး လျှောက်လွှာများအား ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သို့ ပေးပို့ထားမှု၊ ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ အကြံပြုချက်များကိုလည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက MSME ချေးငွေများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များ သိရှိအောင်ထုတ်ပြန်ထားရှိမှု၊ လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေ ချောမော စွာ ချေးယူနိုင်ရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်သည့်အချက်များ၊ မတည်ရန်ပုံ ငွေအား တိုးပွား၍ လည်ပတ်အသုံးပြုနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ရန်ပုံငွေစီမံခန့် ခွဲရေးအဖွဲ့ အဖွဲ့ဝင်များက MSME ချေးငွေများ ထုတ်ချေးပေးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍လည်းကောင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးရပြီးကတည်းက ဆန္ဒအလျောက် စစ်မှုထမ်းဆောင် သည့်စနစ် (Voluntary Enlistment)ကိုသာ ကျင့်သုံးခဲ့ကြောင်း၊  နိုင်ငံတော်ကာကွယ်ရေး အတွက် နိုင်ငံသားတစ်ဦးချင်းစီတွင် တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအမြင်နှင့် အတတ်ပညာများသည် ပြည်သူများအားလုံး သိသင့်သိထိုက်ပြီး တတ်မြောက်ရမည့် ပညာရပ် များဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင်အာရှတို့ ပေါင်းကူးပေးသည့် ပထဝီနိုင်ငံရေးအရ အချက်အချာကျသောနေရာ၊ အင်အားကြီးနိုင်ငံများ၏ အကြားတွင် တည်ရှိနေသည့်အတွက် နိုင်ငံတော်ကာကွယ်ရေးအသိပညာနှင့် အတတ်ပညာများအား နိုင်ငံသားတိုင်း သိသင့်တတ်သင့်ကြောင်း၊ ယခုပြဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ သည် နိုင်ငံသားအားလုံး မဖြစ်မနေ တာဝန်ထမ်းဆောင် ရမည့်ပုံစံ မဟုတ်ဘဲ လိုအပ်သလောက် အကန့်အသတ်ဖြင့်သာ တာဝန်ထမ်းဆောင်ရမည့် ပုံစံဖြစ်ကြောင်း။


မိမိတို့ စက်မှုဝန်ကြီး ဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်း ချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ယာယီ ရွှေ့ဆိုင်းခွင့်များအပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ၊ ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်၊ ယာယီရွေ့ဆိုင်းခွင့်၊ ၎င်းတို့၏ အကျိုးခံစားခွင့်များ နှင့်ပတ် သက်၍လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံး သည့် နိုင်ငံများအတွက် အလွန်အရေးပါသည့် ဥပဒေဖြစ်ကြောင်းများကို လည်းကောင်း ဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။


သတင်းစဉ်

No comments

Powered by Blogger.