သရက်ချောင်းမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ
သရက်ချောင်း
ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့်
ရာသီပေါ်သီးနှံပင်များ စိုက်ပျိုးကြပြီး ယခုအချိန်ကာလတွင် ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ
စတင်ပေါ်ထွက်ချိန်ဖြစ်၍ တောင်သူများအနေဖြင့် ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက်
ဈေးကောင်းရရှိသဖြင့် တောင်သူများ၏ မိသားစုစားဝတ်နေရေးအတွက် ပိုမိုဆင်ပြေလျက်ရှိကြောင်း
ဒူးရင်းသီးရောင်းချသည့် တောင်သူ ဒေါ်တင်နုထံမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင်
ရာသီပေါ်ဒူးရင်းသီးများ နှစ်စဉ် ဧပြီလအစောပိုင်းမှ ဩဂုတ်လအစောပိုင်းအထိ အများအပြားပေါ်ထွက်လေ့ရှိပြီး
တောင်သူများအနေဖြင့် ရောင်းချကြရာ အခုအချိန်တွင် ပေါ်ဦးပေါ်ဖျားကာလဖြစ်၍ ဒူးရင်းသီးများရောင်းချရာမှ
ဈေးကောင်းရရှိကြောင်း၊ ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအမျိုးမျိုးအလိုက် ၃၀၀၀ ကျပ်မှ
၁၀၀၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)

No comments