အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်ရန် ဥရောပသမဂ္ဂ ခေါင်းဆောင်များ သဘောတူ
ဘရပ်ဆဲလ် ဧပြီ
၁၉
ဥရောပသမဂ္ဂခေါင်းဆောင်များသည် အီရန်နိုင်ငံအပေါ်
ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့် ဆောင်ရွက်ရန် ဧပြီ ၁၈ ရက်တွင် သဘောတူညီခဲ့ကြသည်။
အဆိုပါ သဘောတူညီမှုသည် အီရန်နိုင်ငံက အစ္စရေးနိုင်ငံအား တိုက်ခိုက်မှုဆင်နွှဲခဲ့ခြင်းအပေါ်
တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂခေါင်းဆောင်များသည် ဘရပ်ဆဲလ်မြို့၌
ကျင်းပသည့် ထိပ်သီးအစည်းဝေးတွင် အထက်ပါအတိုင်း သဘောတူညီခဲ့ခြင်းဖြစ် သည်။
ပိတ်ဆို့အရေးယူမှုသည် ဒရုန်းများနှင့်
ဒုံးပျံများထုတ်လုပ်သည့် ကုမ္ပဏီများကို ပစ်မှတ်ထားမည် ဖြစ်ကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ
ချားလ်စ်မီချယ်လ်က သတင်းထောက်များအား ပြောကြားသည်။ ပိတ်ဆို့ အရေးယူမှုများ ထပ်တိုးဆောင်ရွက်ခြင်းသည်
ဥရောပသမဂ္ဂ၏ ရှင်းလင်းသော ရပ်တည်ချက်ကို ပြသလိုခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ဥရောပသမဂ္ဂသည် အရပ်သားများကို ကာကွယ်ရန်တတ်နိုင်သမျှ
လုပ်ဆောင်လိုကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ
ချားလ်စ်မီချယ်လ်က ဆက်လက်ပြောကြားသည်။ အလားတူ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၁၈
ရက်တွင် ထုတ်ဝေသည့်သည် ဝေါစထရိဂျာနယ်တွင် အစ္စရေးနှင့် ယူကရိန်းတို့အပေါ် သဘောထားအမြင်ဆိုင်ရာဆောင်းပါးတစ်ခုကို
ရေးသားခဲ့ကြောင်း သိရသည်။
အီရန်အစိုးရသည် အစ္စရေးနိုင်ငံကို ထာဝရဖျက်ဆီးလိုပြီး
ကမ္ဘာ့တစ်ခုတည်းသော ဂျူးနိုင်ငံကို မြေပုံပေါ်မှ သုတ်သင်ပစ်လိုသည်ဟု ဂျိုးဘိုင်ဒင်က
၎င်း၏ ဆောင်းပါးတွင် ရေးသားခဲ့သည်။ ထို့ပြင်
အီရန်က အစ္စရေးကို ထိုးစစ်ဆင်မှု သိသိသာသာ အရှိန်မြှင့်ဆောင်ရွက်မည်ဆိုပါက အမေရိကန်လည်း
ပါဝင်လာနိုင်ကြောင်း ဂျိုးဘိုင်ဒင်က ရေးသားခဲ့သည်။
အစ္စရေးနိုင်ငံအတွက် လုံခြုံရေးအကူအညီများပေးရန်
အသုံးစရိတ်အစီအမံများကို အလျင်အမြန် ပြင်ဆင်ထားရန် ကွန်ဂရက်လွှတ်တော်ကို ဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့ကြောင်း
သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments