၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးလေ၀သအခြေအနေ အကျဉ်းချုပ်နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(ဒုတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျှ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ
(၁၁.၄.၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေများပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ
မိုးလေ၀သအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်းဆန်းစစ်ဖော်ပြအပ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ--
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်ခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်
ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းခဲ့ပါသည်။
မိုးရွာသွန်းမှုအခြေအနေ--
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
မိုးရွာသွန်းမှုအခြေအနေများမှာ- နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
ဧပြီလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်တို့အောက် လျော့နည်းခဲ့ပါသည်။
မိုးရွာရက်များအနေဖြင့်-
ကချင်ပြည်နယ်(ပူတာအိုမြို့)တွင် (၆)ရက်၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း(ခန္တီးမြို့) နှင့် ချင်းပြည်နယ်တို့တွင်
(၂)ရက်စီ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်
မန္တလေးတိုင်းဒေသကြီး(မိုးကုတ်မြို့)တို့တွင် (၁)ရက်စီနှင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် မိုးအနည်းငယ်
ထစ်ချုန်းရွာသွန်းခဲ့ပြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းခဲ့ခြင်း မရှိပါ။
အမြင့်ဆုံးအပူချိန်အခြေအနေ--
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
(နေ့အပူချိန်) အခြေအနေများမှာ- ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဧပြီလ
(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံးအပူချိန်တို့ထက် (၇)ဒီဂရီဖာရင်ဟိုက်၊
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၅)ဒီဂရီဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိ၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊
တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင်
(၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိနှင့် ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
(၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ---
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်)
အခြေအနေများ− ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ
(ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန် ခန့်သာရှိခဲ့ပြီး၊
မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဧပြီလ (ပထမ)ဆယ်ရက်ပတ်၏
ပျမ်းမျှ အနိမ့်ဆုံးအပူချိန်တို့ထက်(၇)ဒီဂရီဖာရင်ဟိုက်မှ (၈)ဒီဂရီဖာရင်ဟိုက်အထိ၊
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်
(၅)ဒီဂရီဖာရင်ဟိုက်စီ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်
ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့တွင် ဧပြီလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး
အပူချိန်တို့ထက် (၃)ဒီဂရီဖာရင်ဟိုက်မှ (၄)ဒီဂရီဖာရင်ဟိုက်အထိ၊
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊
ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိနှင့်
ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်
ရှမ်းပြည်နယ် အရှေ့ပိုင်းတို့တွင် ဧပြီလ (ပထမ)ဆယ်ရက်ပတ်၏
ပျမ်းမျှအနိမ့်ဆုံးအပူချိန်အောက် (၁)ဒီဂရီဖာရင်ဟိုက်မှ (၂)ဒီဂရီဖာရင်ဟိုက်အထိ
လျော့နည်းခဲ့ပါသည်။
လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ---
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
(လေထုစိုထိုင်းဆ) အခြေအနေများမှာ- စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်
ကယားပြည်နယ်တို့တွင် (၄၅%)မှ (၅၃%) အတွင်း၊ နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် (၅၄%)မှ (၆၂%)အတွင်း၊
ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် (၆၃%)မှ (၇၁%)
အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊
ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၇၂%)မှ (၈၁%)အတွင်း
အသီးသီးရှိခဲ့ပါသည်။
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ--
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
(ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ- ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင်
(၄၀ မီလီမီတာ)မှ (၅၀ မီလီမီတာ)အတွင်း၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်တို့တွင် (၅၁
မီလီမီတာ)မှ (၆၁ မီလီမီတာ)အတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၆၂
မီလီမီတာ)မှ (၇၂ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၇၃မီလီမီတာ)မှ (၈၂
မီလီမီတာ)အတွင်း အသီးသီးရှိခဲ့ပါသည်။
(ဖြစ်နိုင်စွမ်းပင်ငွေ့ရေငွေ့ပျံနှုန်းအား
HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)
မြေဆီလွှာအောင်းရေအခြေအနေ---
၂၀၂၄ ခုနှစ်၊ ဧပြီလ (ပထမ)ဆယ်ရက်ပတ်အတွင်း
(မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ- နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့)အခြေအနေ အသီးသီးရှိခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ (ဒုတိယ)ဆယ်ရက်ပတ်အတွက်
မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ--
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်
ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေ---
မိုးရွာသွန်းမှုအခြေအနေမှာ- နေပြည်တော်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်
ရွာသွန်းမြဲအောက် မိုးထစ်ချုန်းရွာနိုင်ပါသည်။
မိုးရွာရက်--
မိုးရွာရက်အနေဖြင့်- တနင်္သာရီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၄)ရက်ခန့်နှင့်
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေ့အပူချိန်--
နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်
မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီဆဲလ်စီးယပ်နှင့်အထက်
(သို့မဟုတ်) (၃၅)ဒီဂရီဖာရင်ဟိုက်နှင့်အထက် ပိုနိုင်ပြီး၊ ကချင်ပြည်နယ်တွင် ဧပြီလ
ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
Crd> မိုး/ဇလ


No comments