နေပြည်တော်ကောင်စီရုံး၌ လက်ရည်တစ်ပြင်တည်း နေ့လယ်စာစားပွဲ ကျင်းပ



 

နေပြည်တော် ဧပြီ ၅

 

နေပြည်တော်ကောင်စီ လက်ရည်တစ်ပြင်တည်း နေ့လယ်စာစားပွဲ အခမ်းအနားကို ဧပြီ ၅ ရက် မွန်းတည့် ၁၂ နာရီက နေပြည်တော်ကောင်စီရုံး ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော်ကောင်စီရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)

 

 

No comments

Powered by Blogger.