ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း
ပျဉ်းမနား စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊
ပျဉ်းမနားမြို့နယ်တွင် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံပြည်သူများအနေဖြင့်
မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ရေးစခန်း (၈)ခုတို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိရာ
အဆိုပါ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းတွင်
မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်
ဦးမြင့်စိုးက ရေဘေးတိမ်းရှောင်သူများအနေဖြင့် သဘာဝဘေးဖြစ်ပွားမှုကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကြရန်လိုကြောင်း၊
နေပြည်တော်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးရှောင်ပြည်သူများ၏
နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
ပြောကြားသည်။
ထို့နောက် ဦးရဲရင့်အောင်မိသားစု
Myanmar Secure Group Co., Ltd မှ ငွေကျပ် သိန်း (၂၀၀)တန်ဖိုးရှိ ဆန်အိတ်(၁၀၀)၊ ဆီ(၂၀)ပုံး၊
ခေါက်ဆွဲခြောက်(၁၀၀)ဖာ၊ ရေသန့်(၁၀၉၀)ကဒ်၊ ကြက်ဥ(၄၀၀၀)လုံး၊ ဆေးကဒ်(၄၀၀)တို့ကို ပေးအပ်လှူဒါန်းရာ
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။
မျိုးသီဟ(ပြန်/ဆက်)
No comments