အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ Rajgarh ခံတပ်နံရံပြိုကျမှုကြောင့် ခုနစ်ဦး သေဆုံး
စက်တင်ဘာ ၁၃
အိန္ဒိယနိုင်ငံ မဒရာပရာဒေ့ရှ်ပြည်နယ်အလယ်ပိုင်းတွင်
ရွှံ့ဖြင့်ပြုလုပ်ထားသောနေအိမ်နှစ်လုံးပေါ်သို့
နံရံပြိုကျမှုဖြစ်ပွားပြီးနောက်
မိသားစုဝင်ခုနစ်ဦး သေဆုံးခဲ့ပြီး အပျက်အစီးများအောက်ရှိအခြားနှစ်ဦးအား
ကယ်ဆယ်နိုင်ခဲ့ကြောင်း
တာဝန်ရှိသူများက ပြောသည်။
အဆိုပါနံရံပြိုကျမှုသည် မဒရာပရာဒေ့ရှ်ပြည်နယ်
မြို့တော်ဗိုပါလ်၏မြောက်ပိုင်း
၄၀၉ ကီလိုမီတာအကွာခန့်ရှိ
ဒါတီရာခရိုင် ခါလ်ကာပူရာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုမတော်တဆမှုသည် နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ Rajgarh
ခံတပ်နံရံပြိုကျချိန်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ဒေသအစိုးရအဖွဲ့အဆင့်မြင့်တာဝန်ရှိ
ဆန်ဒိမာကင်က ပြောသည်။
တာဝန်ရှိသူများက ၎င်းနံရံကို အလွန်ကြီးမားသောကျောက်တုံးကြီးများဖြင့်တည်ဆောက်ထားသည်ဟုဆိုသည်။
နှစ်ရက်ကြာမိုးသည်းထန်စွာရွာသွန်းမှု၊
တည်ဆောက်ရာတွင် ခိုင်မာမှုမရှိခြင်းကြောင့်
နံရံပြိုကျမှုဖြစ်ပွားခြင်းဖြစ်သည်ဟု
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments