နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


 

နေပြည်တော်၊ စက်တင်ဘာ ၁၆


နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စွမ်းအင်နှင့် လျှပ်စစ် ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ကော်မတီဝင်များ ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရာက်ကြသည်။


အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ ဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများအတွက် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်းကြောင့် ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် မိမိတို့လျာထား လုပ်ငန်းစီမံကိန်းများကို လုပ်ဆောင်ပြီးစီးနိုင်သည်များကိုသာ လျာထားတင်ပြကြစေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက ဌာနအလိုက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လျာထားဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်


No comments

Powered by Blogger.