မွေးမြူရေးတိရစ္ဆာန်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်



မိုးရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်ရာ မိုးဦးကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုး သည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသော တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-


(၁) ရေဒီယို၊ ရုပ်မြင်သံကြားများနှင့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် မိုးလေဝသ သတိပေးချက်များကို ဂရုပြုနားထောင်၊ ဖတ်ရှု၊ စောင့်ကြည့်ရန်၊


(၂) တိရစ္ဆာန်များအတွက် ဒေသတွင်းရရှိနိုင်သည့် ကောက်ရိုး၊ ပြောင်းရိုး၊ ပဲရိုးနှင့် ပဲမှော် အစရှိသည့် တိရစ္ဆာန်အစာနှင့် သောက်သုံးရေများ လုံလောက်စွာရရှိရေး ကြိုတင် စုဆောင်းထားရန်၊


(၃) ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိသောဒေသများ၌ တိရစ္ဆာန်များကို ရေဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်စီမံထားရန်၊

(၄) ရေဘေးအန္တရာယ်ကျရောက်သည်မှလွဲ၍ အခြားသဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရန် တိရစ္ဆာန်များကို အကာအကွယ်ရှိသော ခြံများအတွင်း စနစ်တကျ မွေးမြူထားရှိရန်၊


(၅) ရေဘေးအန္တရာယ်ကျရောက်လာပါက တိရစ္ဆာန်များကို ရေလွတ်သောနေရာများသို့ အလျင်အမြန်ပြောင်းရွေ့ နေရာချထားရန်အတွက် ကြိုတင်စီမံထားရန်၊


(၆) သိုလှောင်ထားသော တိရစ္ဆာန်အစာများကို ရေဘေးကင်းလွတ်ရာသို့ အချိန်မီ ပြောင်းရွေ့နိုင်ရေး ကြိုတင်စီမံထားရန်၊


(၇) ရေဘေးအန္တရာယ်ကျရောက်ချိန်၌ ရေပြန်ကျချိန်တွင် ကူးစက်ရောဂါများ ဖြစ်ပွား တတ်သဖြင့် တိရစ္ဆာန်များကို ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း တိရစ္ဆာန် ရောဂါကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရန်၊


(၈) တိရစ္ဆာန်များ ကူးစက်ရောဂါ၊ သာမာန်ရောဂါနှင့် ထိခိုက်ဒဏ်ရာများ ရရှိပါက ဆေးကုသမှု အမြန်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနသို့ ဆက်သွယ်ရန်၊


(၉) တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

No comments

Powered by Blogger.