ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အား ပစ်ခတ်ရန်ကြံစည်သည့် သေနတ်သမားကို ဖမ်းဆီးရမိ
ဝါရှင်တန်၊ စက်တင်ဘာ ၁၆
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည်
ဖလော်ရီဒါပြည်နယ် ဝက်စ်ပမ်းဘိချိစ်အနီးရှိ ဂေါက်ကွင်းတစ်ခု၌ ဂေါက်ရိုက်ကစားနေစဉ် ယမန်နေ့မွန်းလွဲပိုင်းက
သေနတ်ဖြင့် ပစ်ခတ်ရန်ကြံစည်မှုကို ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
ထရမ့်ဂေါက်ရိုက်ကစားသည့် နေရာနှင့်
ကိုက်အနည်းငယ်အကွာရှိ ချုံပုတ်ထဲတွင် ပုန်းအောင်းကာ ပစ်ခတ်ရန်ကြံစည်နေသည့် သေနတ်သမားကိုလုံခြုံရေးတာ
ဝန်ရှိသူများကတွေ့ရှိခဲ့ပြီး လက်ဦးမှုရယူ ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ယခုဖြစ်စဉ်တွင်
ထရမ့်အားတစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အသက် ဘေးမှ လွတ်မြောက်ခဲ့သည်။
လုပ်ကြံရန်ကြံစည်သူသည် အေကေ ၄၇ အမျိုး
အစား ရိုင်ဖယ်သေနတ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများကို အခင်းဖြစ် နေရာတွင်ချန်ထားခဲ့ပြီး
ထွက်ပြေးသွားခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းအား ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများက
ပြောကြားသည်။
ယခုကဲ့သို့ထရမ့်အား လုပ်ကြံရန် ကြံစည်မှုသည်
ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်ဖြစ်စဉ်မှာ ပင်ဆယ် ဗေးနီးယားပြည်နယ်၌ မဲဆွယ်စည်းရုံးမှုပြုလုပ်စဉ်
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး နားရွက်ကို ရှပ်ထိကာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သမ္မတဟောင်းထရမ့်အား
လုပ်ကြံရန်ကြိုးပမ်းသည့် ယခုဖြစ်စဉ်ကြောင့် မိမိအတွက် စိတ်အနှောင့် အယှက်ဖြစ်ရကြောင်းနှင့်
ယခုကဲ့သို့သော မှုခင်းများမှတစ်ဆင့် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်း
ထရမ့်၏ပြိုင်ဘက် လက်ရှိအမေရိကန် ဒုတိယသမ္မတ ကင်မလာဟဲရစ်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ
No comments