အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ အဆောက်အအုံပြိုကျမှုကြောင့် ဆယ်ဦးသေဆုံး



စက်တင်ဘာ ၁၆

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင်  အထပ်သုံးထပ်ပါအဆောက်အအုံပြိုကျမှုဖြစ်ပွားမှုကြောင့် ဆယ်ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။

 မိုးသည်းထန်စွာရွာသွန်းပြီးနောက် ယင်းအဆောက်အအုံတွင် လူများနေထိုင်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ယမန်နေ့က အတည်ပြုပြောကြားသည်။

အဆိုပါအဆောက်အအုံပြိုကျမှုသည် စက်တင်ဘာ ၁၄ ရက်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ထိုအဆောက်အအုံပြိုကျမှုဖြစ်ပွားချိန်က အဆောက်အအုံအတွင်းတွင် လူ ၁၅ ဦးရှိကြောင်းနှင့် ဒဏ်ရာရရှိသူငါးဦးသည် ဒေသတွင်းဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.