ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိုးအဆက်မပြတ်သွန်းမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်ရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များ ကွင်းဆင်းကြည့်ရှုစစ်ဆေး




နေပြည်တော် စက်တင်ဘာ ၁၈


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ် ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့ နယ်များရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များ အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။


ဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ အလျား ပေ (၃၁၉၀) ရှိပြီး ရေလှောင်ပမာဏ (၈၃)ဧကပေ သိုလှောင်နိုင်သည့် လဲဖြူရေထိန်းတမံသို့ ရောက်ရှိပြီး ရေဝင်ရောက်ခဲ့မှု၊ ရေစီးနှင့်အတူမျှောပါလာသည့် သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များနှင့် သဲနုန်းများကြောင့် ရေထိန်းတမံထိခိုက်ခဲ့မှု၊ တမံထိပ်မှ ရေကျော် ကျခဲ့မှုနှင့်  ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များ ရှင်းလင်းခြင်းနှင့် သဲနုန်းပို့ချခဲ့ပြီး ရေတိုက်စား ပျက်စီးခဲ့သည့် တူးမြောင်းနေရာအချို့ ပြန်လည်ပြုပြင်သွားရန်နှင့် ဆည်ရေသောက်ဧရိယာ အတွင်းရှိ ထိခိုက်ပျက်စီးမှုမရှိသည့် လယ်ယာမြေများကို အမြန်ဆုံးစိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။


လဲဖြူရေထိန်းတမံသည် တမံထိပ်မှ ရေကျော်ကျမှုဖြစ်ပေါ်ခဲ့သော်လည်း တမံ ကိုယ်ထည်အပါအဝင် ရေပိုလွှဲနှင့် ရေထုတ်ပြွန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ အလျားပေ (၁၄၅၀၀) ၊ အမြင့် ပေ(၂၀)၊ ရေလှောင်ပမာဏ (၄၂၅၇)ဧကပေ၊ ရေပိုလွှဲအကျယ်ပေ (၂၀၀) ရှိသည့် ကျောက် ဆည်ကန်သို့ရောက်ရှိပြီး ကန်ပေါင်ပေါ်ရေကျော်ကျမှုကြောင့် နေရာအချို့ ရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပေ(၄၀)ခန့် ဆက်လက်ရေစီးဆင်းနေမှုအခြေအနေ ကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်ကန်မှ မြေသားပေါင်ထိခိုက်ပျက်စီးမှုများကို အသေး စိတ်ကွင်းဆင်းတိုင်းတာပြီး စနစ်တကျပြန်လည်ပြုပြင် စီမံဆောင်ရွက်၍ ရေသိုလှောင်နိုင်ရေးနှင့် စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေး မှာကြားသည်။


သတင်းစဉ်

No comments

Powered by Blogger.