မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ၁၁၃ ဦး သေဆုံး၊ ၆၄ ဦး ပျောက်ဆုံးနေ



စက်တင်ဘာ ၁၆

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ၁၁၃ ဦး ထက်မနည်းသေဆုံးပြီး ၆၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ၏နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါရေကြီးမှုသည် နေပြည်တော်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည်ဟု ၎င်းအဖွဲ့ကဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့ညနေပိုင်းအထိ နိုင်ငံတစ်ဝန်းရှိ ယာယီရေဘေးရှောင်စခန်းများတွင် လူပေါင်း ၃၂၀၀၀၀ ကျော် ခိုလှုံလျက်ရှိပြီး နေအိမ်အလုံးပေါင်း ၇၂၉၀၀ ကျော်နှင့် အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားသည်။

အစိုးရအဖွဲ့က ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ရေဘေးသင့်သူများအား တတ်အားသမျှ ကူညီထောက်ပံ့မှုပေးရန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်ဟု  သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.