တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ



နေပြည်တော်၊ အောက်တိုဘာ ၁၃

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၅)ပေပါနှင့် ဓာတ်ဆီ (၅)ပေပါ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅,၄၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သရက်ခရိုင်နှင့် ပခုက္ကူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်(၀ဒသမ၅၃၆)တန်၊ အခြားသစ်(၃ဒသမ၀၄၀)တန်၊ ရှားစေး အိတ် (၂၀) (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁,၆၁၀,၁၅၃)နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၆၁၀,၁၅၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ်(၉)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄)မျိုး၊ လူသုံးကုန်ပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck (၈)စီးနှင့် Cheng Long Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၂,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံတိုးဂိတ်အနီး ပင်ဆိုင်းဝရွာထိပ်၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း (၂)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း အမျိုး (၂၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇,၀၁၃,၉၀၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Light Truck(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးလမ်း၊ (၂၁)မိုင်၌ ရပ်တန့်ထားသော မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၂၀၇,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Ka Bar Kyaw Micro Bus (၁)စီး၊ Toyota Hilux Surf (၁)စီး၊ Foton View Mini Bus (၁)စီး၊ Shwe Kyar Micro Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်- မန္တလေးလမ်းဟောင်း (၃၈၆)မိုင်၌ မူဆယ်မြို့မှ မန္တလေး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၄၅,၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၁,၂၆၆,၁၀၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၀)မျိုး၊ လူသုံးကုန်ပစ္စည်း (၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၅၆၆,၇၇၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၁ ရက်တွင် ဘုရားကြီးမြို့၊ လမ်းဆုံအနီး၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့်  လုပ်ငန်းသုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၃၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး၊ IVECO Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)ကို
အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက်တွင် ပဲခူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၅၆၈)တန်၊ အခြားသစ် (၆ ဒသမ ၆၅၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၀၃,၄၅၆)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၁၁၀,၂၉၃,၄၅၆) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၅,၂၉၆,၄၈၈) ဖမ်းဆီးရမိခဲ့ပါသည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကို တွေ့ရှိရပြီး ၎င်းစံချိန်စံညွှန်း မပြည့်ဝသည့် ကုန်ပစ္စည်းများကြောင့် နိုင်ငံအတွင်း၌ အခြေခံအဆောက်အဦးများ တည်ဆောက်ရာတွင် အရည်အသွေး မပြည့်မီသည့် အဆောက်အဦးများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ နေထိုင်သူပြည်သူများအတွက်လည်း ရုပ်ပိုင်း ဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင် တင်သွင်းမှု များအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.