ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ FIFA နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်
ရန်ကုန် ၊အောက်တိုဘာ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် FIFA နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသားလက်ရွေး စင်ဘောလုံးအသင်းနှင့် တွေ့ဆုံ၍ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ဂုဏ်သိက္ခာ အတွက် ချစ်ကြည်ရေးခြေစမ်းပွဲကို တွန်းတွန်းတိုက်တိုက် အောင်မြင်အောင်ကြိုးစားကြရန် အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံ ဆိုင်ရာသီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E Ms Prabashini Ponnamperuma ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပြိုင်ပွဲအပြီးတွင် ဂိုးမရှိသရေ ရလဒ်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments