မအူပင်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပြိုကျပျက်စီး

 



မအူပင် အောက်တိုဘာ ၂၁


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ကျွန်းထိပ်ကုက္ကိုတန်း ကျေးရွာတို့တွင် ယမန်နေ့က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


အလားတူ နတ်စဉ်ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာတွင် နေအိမ် (၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးမှုနှင့် ပေကုန်းကျေးရွာအုပ်စု၊ ဆင်ကူးရွာမကျေးရွာတွင် နေအိမ် (၁၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်း ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် နေအိမ် (၂၇)လုံး ပြိုကျပျက်စီးနှင့် အမိုးလန်ပျက်စီးခဲ့ရသည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။  


အောင်မြင့်မြတ် (ပြန်/ဆက်) 

No comments

Powered by Blogger.