မုံရွာမြို့တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ
မုံရွာ အောက်တိုဘာ ၂၁
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ ၃၁ ဖွဲ့ကာ စုစုပေါင်း ၁၇၅ ဦးတို့သည် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မုံရွာမြို့ ဗန္ဒုလရပ်ကွက်တွင် အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီက ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စာရင်းစစ်၊ စာရင်းကောက်များ၏ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုတို့အား မုံရွာခရိုင်နှင့် မြို့နယ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိသည်။
မုံရွာမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ၉၁ ရာခိုင်နှုန်း ကောက်ယူပြီးစီးပြီးဖြစ်ကာ ကျန်ရှိရပ်ကွက်များအလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန် /ဆက်)

No comments