မစ္စစပီပြည်နယ်၌ တံတားပြိုကျမှုကြောင့် သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရ
ဟူစတန် အောက်တိုဘာ ၁၇
အမေရိကန်တောင်ပိုင်းပြည်နယ်
မစ္စစပီ၌ အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက တံတား တစ်စင်းပြိုကျခဲ့ရာ သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ အဆိုပါဖြစ်ရပ်မှာ လုပ်ငန်းခွင်အတွင်း
မတော်တဆဖြစ်ရပ်ဟု အာဏာပိုင်များက ပြောသည်။
စတောင်းမြစ်ကို ဖြတ်ကူးထားသည့်တံတားအား
တံတားအစားထိုးစီမံကိန်း တစ်စိတ်တစ်ပိုင်း ပြုလုပ်နေသည့်အတွက်
စက်တင်ဘာ ၁၈ ရက်နေ့ကတည်းက ပိတ်ထားခဲ့ကြောင်း
မစ္စစပီ သယ်ယူ ပို့ဆောင်ရေးဌာနမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တံတားပြန်လည်အသုံးပြု၍ရပါက
အများပြည်သူများထံ သတင်းအချက်အလက်များ ထပ်မံမျှဝေသွားမည်ဟု အဆိုပါဌာနက ပြောသည်။
ဆင်ဟွာ

No comments