နိုင်ဂျာ၌ ယခုနှစ်အတွင်း ရေကြီးမှုကြောင့် ထိခိုက်ခံစားခဲ့ရသူ ၁ ဒသမ ၃၉ သန်းကျော်ကို ကူညီထောက်ပံ့မှုများပေး

 


နီယာမေ  အောက်တိုဘာ  ၁၇

နိုင်ဂျာအစိုးရသည်    ယခုနှစ်အတွင်း  ရေကြီးမှုကြောင့် ထိခိုက်ခံစားခဲ့ရသူ   ၁၃၉၇၆၆၅   ဦးကို ကူညီထောက်ပံ့မှုများပေးခဲ့သည်။

၎င်းတို့၏ အကူအညီပေးရေးအစီအစဉ်အရ   ၉၇  ရာခိုင်နှုန်း နီးပါးကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု  စားနပ်ရိက္ခာ အကျပ် အတည်းများ    ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ     အမျိုးသား ယန္တရားအဖွဲ့အစည်းက  အောက်တိုဘာ  ၁၆  ရက်တွင်  သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၆ ရက်အထိ နိုင်ဂျာနိုင်ငံ၌ ရေကြီးရေလျှံမှုများကြောင့် လူပေါင်း  ၁၄၄၇၅၂၅  ဦး ထိခိုက်ခံစားခဲ့ရသည်။ ဒေသကြီးရှစ်ခုမှ  ရေဘေးဒုက္ခခံစားခဲ့ရသူ ၁၃၉၇၆၆၅ ဦးကို ကူညီထောက်ပံ့ ပေးခဲ့ကြောင်း စားနပ်ရိက္ခာအကျပ်အတည်းများ  ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ယန္တရားအဖွဲ့အစည်းက ပြောသည်။

နိုင်ဂျာနိုင်ငံ၏ အစားအသောက် ထုတ်ကုန်များရုံးက  ကူညီထောက်ပံ့ရေးပစ္စည်းများကို ၁၅ ကြိမ် မြောက်နှင့် ၁၆ ကြိမ်မြောက် ပေးပို့ခဲ့သည်။

ယခင်က  ပေးအပ်ခဲ့သည့် ကူညီထောက်ပံ့မှုများတွင်    ခြင်ထောင် ၂၈၆၅ လုံး၊ စောင် ၂၂၆၅ ထည်၊ ပလတ်စတစ်ဖျာ ၂၅၉၉ ခု တို့  ဖြန့်ဝေပေးခဲ့ကြောင်း   သိရသည်။                 

ဆင်ဟွာ

No comments

Powered by Blogger.