နီပေါနိုင်ငံ၌ တောင်ထွတ် ၃၇ ခုသို့ တောင်တက်သမား ၈၇၀ တက်ရောက်ရန် ခွင့်ပြု
ခတ္တမန္ဒူ အောက်တိုဘာ
၁၇
နီပေါနိုင်ငံသည် တောင်တက်ရာသီအတွင်း နိုင်ငံအတွင်းရှိ တောင် ၃၇ ခုကို တက်ရောက်ရန်
အတွက် လူ ၈၇၀ ကို ခွင့်ပြုပေးခဲ့ ကြောင်း အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။
နီပေါခရီးသွားလာရေးဌာနသည် ကမ္ဘာ့သတ္တမမြောက်နှင့် အဋ္ဌမမြောက် အမြင့်ဆုံးဖြစ်သည့်
ပင်လယ်ရေ မျက်နှာပြင်အထက် ၈၁၆၇ မီတာရှိသည့်
Dhaulagiri တောင်နှင့် ၈၁၆၃ မီတာရှိသည့်
Manaslu တောင်တို့သို့ နိုင်ငံနှင့် ဒေသ ၇၀
မှ အမျိုးသား ၆၆၈ ဦး နှင့် အမျိုးသမီး ၂၀၂ ဦးကို
တောင်ထွတ်သို့ တက်ရောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
တောင်တက်သမားများအနက် အမေရိကနိုင်ငံမှ
၇၃ ဦး၊ တရုတ် နိုင်ငံမှ ၇၂ ဦးနှင့် ပြင်သစ်နိုင်ငံ တို့မှ ၆၉ ဦးတို့ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တောင်တက်ရာသီအတွင်း အေဂျင်စီက
လူ ၁၃၀၀ ခန့် ခွင့်ပြုပေးခဲ့သည်။
နီပေါနိုင်ငံ၌ တောင်တက်ရာသီမှာ စက်တင်ဘာလမှ
စတင်ကာ နိုဝင်ဘာလအထိဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments