မုံရွာမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု ဆက်လက် ဆောင်ရွက်

မုံရွာ၊ အောက်တိုဘာလ ၁၆


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ ၃၁ ဖွဲ့ကာ  စုစုပေါင်း ၁၇၅ ဦးတို့သည် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မုံရွာမြို့  ထန်းတောရပ်ကွက်တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီက ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။


အဆိုပါ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသော စာရင်းစစ်၊ စာရင်းကောက်များ၏ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုတို့အား မုံရွာခရိုင်နှင့် မြို့နယ် သန်းခေါင် စာရင်းကောက်ယူရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်ကြည့်ရှု ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။


မုံရွာမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၆၃.၈၄ ရာခိုင်နှုန်း ကောက်ယူပြီးစီးပြီးဖြစ်ကာ ဆက်လက်၍လည်း ကျန်ရှိရပ်ကွက်များအလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)





No comments

Powered by Blogger.