နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင်သီတင်းကျွတ်ရုံးပိတ်ရက်၌ ဈေးဝယ်သူများဖြင့် စည်ကားနေ




နတ်မောက် အောက်တိုဘာ ၁၆


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မြို့မဈေးကြီးတွင် သီတင်းကျွတ်ရုံးပိတ်ရက် အောက်တိုဘာ ၁၆ ရက် နံနက် ၉ နာရီအချိန်က ဈေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရသည်။


ကျွန်မတို့ကနတ်မောက်မြို့နယ် ပင်းမြို့ဟောင်းကျေးရွာက ဈေးလာဝယ်တာပါ။ သီတင်းကျွတ်လပြည့်နေ့ကျရင် ရွာကဘုရားမှာအလှူရှိလို့ဘုရားမှာ ကပ်လှူဖို့ဖရောင်းတိုင်၊ အမွှေးတိုင်၊ သစ်သီးမျိုးစုံနဲ့တစ်ခြားလိုအပ်တာတွေ လာရောက်ဝယ်ယူတာပါလို့ ဈေးလာဝယ်သူတစ်ဦးက ပြောသည်။


အရင်ရက်တွေတုန်းကဆိုပုံမှန် အတိုင်းပဲရောင်းရတယ်၊ အခုရက်တွေကတော့အရောင်းအဝယ် ကောင်းတယ်လို့ဆိုရပါမယ်၊ မြန်မာလူမျိုးတို့၏ဓလေ့ထုံးတမ်းအတိုင်း ဝါကျွတ်တဲ့အခါအလှူတွေလုပ်ကြ မိဘ/ဆရာသမားတွေကိုပူဇော်ကန်တော့ကြနဲ့ အရမ်းစည်ကားတဲ့အချိန်ဖြစ်ပါတယ်လို့ သစ်သီးရောင်းသူတစ်ဦးကပြောသည်။ နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် ယခုလိုသီတင်း ကျွတ်ရုံးပိတ်ရက်ကာလ ရောက်တဲ့အခါကျေးရွာဒေသအသီးသီးမှပြည်သူများက အလှူအတန်းများ ပြုလုပ်ကြရန်အတွက်မြို့မဈေးကြီးအတွင်း ဈေးဝယ်ကြရာစည်ကားများပြားလျက်ရှိကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်

No comments

Powered by Blogger.