မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့ အသုံးချ ကွန်ဖရင့် တက်ရောက်


နေပြည်တော် အောက်တိုဘာ ၁၂

ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (Topical Issues of Human Rights Protection on Health Care) ခေါင်းစဉ်ဖြင့် (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချ ကွန်ဖရင့်ကို အောက်တိုဘာ ၁၀ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ Hybrid format ဖြင့် ကျင်းပသည်။


ကွန်ဖရင့်သို့ ကမ္ဘာ့နိုင်ငံ ၅၆ နိုင်ငံမှ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များက In-person  တက်ရောက်ကြပြီး တာဂျစ်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာ တင်မောင်မောင်သန်း၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing စနစ်ဖြင့် တက်ရောက်ကြသည်။



အဆိုပါ ကွန်ဖရင့်တွင် ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ကို အခြေခံ လူ့အခွင့်အရေးအဖြစ် အလေးပေးဆောင်ရွက်နေကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုသည် အထူးအခွင့်အရေးတစ်ခုမဟုတ်ဘဲ လူတိုင်းနှင့်သက်ဆိုင်သည့် အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း၊   ပြည်တွင်းတွင် ကျန်းမာရေး အခွင့်အရေးများကို အလေးပေးစောင့်ရှောက်သော ဥပဒေများကို ပြဋ္ဌာန်းပြီး ကျန်မာရေးစောင့်ရှောက်မှု ကဏ္ဍကို အလေးပေးဆောင်ရွက်နေ ကြောင်း၊ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံးပါဝင်နိုင်ပြီး သာတူညီမျှရှိကာ လက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရရှိနိုင်ရန် ပူးပေါင်းအကြံပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လူ့အခွင့်အရေးများကို ပိုမိုသိရှိနိုင်စေရန်အတွက်  ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ သူနာပြု တက္ကသိုလ်များတွင် ဟောပြောပွဲများ အပါအဝင် လူ့အခွင့်အရေး အသိပညာပေး ‌ဟောပြောပို့ချမှုများ ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်


No comments

Powered by Blogger.