အီရန်နိုင်ငံအပေါ် ရန်စမှုမှန်သမျှသည် ဆုံးရှုံးမှုများဖြင့်သာ အဆုံးသတ်လိမ့််မည်ဟု အီရန်တပ်မှူးပြောကြား

 

 


တီဟီရန်၊ အောက်တိုဘာ ၁၇

 

အီရန်နိုင်ငံအပေါ် ရန်စမှုမှန်သမျှသည် ဆုံးရှုံးမှုများဖြင့်သာ အဆုံးသတ်လိမ့်မည်ဟု အီရန် ထိပ်တန်းတပ်မှူး တစ်ဦးက အစ္စရေးအား အောက်တိုဘာ  ၁၇  ရက်တွင်   သတိပေးပြောကြားခဲ့သည်။

 

အီရန်နိုင်ငံ၏   အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်အကြီးအကဲ ဟူစိန်ဆလာမီက အီရန်နိုင်ငံအလယ်ပိုင်း  အစ်ဖာဟန်မြို့တွင် အစ္စရေးတပ်ဖွဲ့က ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် အီရန်တပ်မှူး အဘတ်စ်နီဖိုရိုရှန်၏ ဈာပနအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“Operation True Promise II”ဟု အမည်ပေးထားသည့် အောက်တိုဘာ ၁ ရက်က အီရန်၏ အစ္စရေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းကို ရည်ညွှန်းလျက် ၎င်းသည် အီရန်နိုင်ငံ၏ စစ်အင်အားပြသမှုတစ်ခုဖြစ်ကြောင်း အစ္စရေးနှင့် ၎င်း၏မဟာမိတ်များကို ဆလာမီက သတိပေးပြောကြားခဲ့သည်။

 

အီရန်နိုင်ငံသားများနှင့် နိုင်ငံ၏ အကျိုးစီးပွားများကို တိုက်ခိုက်မည်ဆိုပါက အီရန်က လက်တုံ့ပြန်မည်ဟု အစ္စရေးနိုင်ငံအား ရည်ညွှန်းလျက် ဆလာမီက ထပ်လောင်းပြောကြားသည်။ အောက်တိုဘာ ၁ ရက်တွင် အီရန်သည် အစ္စရေးပစ်မှတ်များကို ဒုံးကျည်အစင်းရေ ၁၈၀ ခန့်ဖြင့် ပစ်ခတ်ခဲ့သည်။ တီဟီရန်က အဆိုပါ တိုက်ခိုက်မှုသည် လက်ဘနွန်နှင့် ပါလက်စတိုင်း တပ်ဖွဲ့များအပေါ် အစ္စရေး၏ စစ်ရေးအရ ဆောင်ရွက်မှုများ အတွက် လက်တုံ့ပြန်မှုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- စိုးသူရ

 

No comments

Powered by Blogger.