၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲများ ဆက်လက်ကျင်းပ




နေပြည်တော်   အောက်တိုဘာ  ၁၆

၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာ အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ယနေ့တွင် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်ကြောင်နီလာ”(ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင် အဆင့်(ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “စိန်မြရံခြယ်”(မွန်) သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။

“ကာလပေါ်” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Banquet Hall ၌ ကျင်းပရာ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသား ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်  ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကိုယ့်ရပ်ဌာနေ” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “နွေမိုးဆောင်း” သီချင်းဖြင့် လည်းကောင်း သီချင်းများ၏ ရသပေါ်လွင်အောင် ဖော်ကျူးသီဆို ယှဉ်ပြိုင်ကြသည်။

အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂) Plenary Hall ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဆိုင်းဝိုင်းအဖွဲ့များ၏ ပံ့ပိုးတီးခတ်မှုနှင့်အတူ ရသစုံလင်လှသည့် အဆို၊ အပြောများ၊ အကအလှများဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက ကကြိုးကကွက် စုံလင်စွာဖြင့် လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်ကြသည်။

အရေးပြိုင်ပွဲ (သီချင်းသံစဉ် ထည့်သွင်းလေ့ကျင့် သီဆိုခြင်း)ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲတွင် ကရင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထံတျာတေအစ မဟာ ဂီတ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေ‌သကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်မာ့ရိုးရာအမွေ အလှ တိုးဖြာစေ” ခေါင်းစဉ်ဖြင့် လည်းကောင်း ရသစုံလင်စွာ သံစဉ်ထည့်သွင်း လေ့ကျင့်သီဆိုကြသည်။

စန္ဒရားအတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) News Briefing Room ၌ ကျင်းပရာ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မြိုင်ယံရွှေလျှံ”(ပတ်ပျိုး) သီချင်းဖြင့် လည်း ကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ချစ်ဦးမောင့်ထံ ပြန်လာပါ” (ကာလပေါ်) သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။


တယော အတီးပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “တောဟေဝန်လယ်” (ယိုးဒယား)သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က “သီတာရတနာ”(ကာလပေါ်) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေပြည်ကြီးဧရာ” (ကြိုး) သီချင်းဖြင့် လည်းကောင်း သာယာငြိမ့်ညောင်းစွာ တီးခတ်ယှဉ်ပြိုင် ကြသည်။

နှဲ ပြိုင်ပွဲကို အမျိုးသားပြတိုက် (နေပြည်တော်)ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင် အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “အောင်မြေသာစံ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်(ပထမတန်း) အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ပန်းညောင်လှိုင်ဘွဲ့”(ယိုးဒယား) သီချင်းဖြင့် လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့်  အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “မှိုင်းရိပ်ကယ်တည့်” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊  အခြေခံပညာအဆင့်(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မြန်ခန်းကျွန်းတွင်း” (ကြိုး) သီချင်းဖြင့် လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ထွေတလာ”(ကြိုး) သီချင်းဖြင့် လည်းကောင်း တီးမှုတ်ယှဉ် ပြိုင်ကြသည်။

ဆိုင်းဝိုင်းကြီး အဖွဲ့အလိုက် အတီးပြိုင်ပွဲကို အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မွန် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ က လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင် များက လည်းကောင်း မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ယှဉ်ပြိုင်ကြသည်။

ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ရုပ်စုံသဘင် အဖွဲ့လိုက် ဝါသနာရှင်အဆင့်(ပထမတန်း) ပြိုင်ပွဲတွင်ဝေဿန္တရာဇာတ်တော်ကြီးဖြင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဧရာလှိုင်း ရုပ်စုံသဘင် အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊ စကားပြော များဖြင့် တင်ဆက်ကပြ ယှဉ်ပြိုင်ကြသည်။

ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မဟာဇနကဇာတ်တော်ကြီးဖြင့် မွန်ပြည်နယ် ကိုယ်စားပြု မင်းနိုင်စိုး ဇာတ်တော်ကြီး အဖွဲ့က မူရင်း ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသမြောက် ပေါင်းစပ်ပြီး ယှဉ်ပြိုင်ကြသည်။

ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပိုးရယ်အောင်သိန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင် မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးထွန်းအုံ၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစု များ၊ အနုသုခုမ သဘင်ကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊ မိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

(၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲကြီး၏ အဆိုပြိုင်ပွဲတွင် အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မဟာဂီတ အဆို ပြိုင်ပွဲ၊ ခေတ်ဟောင်းတေး/ ကာလပေါ်ပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့် (ဒုတိယတန်း)နှင့် အဆင့်မြင့် ပညာအဆင့်များ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်း ပြိုင်ပွဲများ ပါဝင်သည်။

အကပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီး အဆင့်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည့် မင်းသား၊ မင်းသမီး အကပြိုင်ပွဲ၊ အမျိုးသမီး ၁၆ ဦးပါဝင်သည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသမီး ကဗျာလွတ်အက (ပထမအဆင့်)ပြိုင်ပွဲ၊ တိုင်းရင်းသားရိုးရာအက (သို့မဟုတ်) ကျေးလက်ရိုးရာ အကပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံး ပါဝင်ယှဉ်ပြိုင်ကြမည့် ချင်းတိုင်းရင်းသားရိုးရာ အကပြိုင်ပွဲတို့ ပါဝင်ကြောင်း  သတင်းရရှိသည်။

(သတင်းစဉ်)

 

No comments

Powered by Blogger.