ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
ဇေယျာသီရိ အောက်တိုဘာ ၁၃
ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့်
နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ
ရေဘေးသင့်၍ နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို
ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့် နေအိမ်မျောပါပျက်စီးခဲ့သည့် ပြည်သူများအား နေအိမ်များ
အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီဝင်
ဦးဟန်သူနှင့် တာဝန်ရှိသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးသင့် နေအိမ်မျောပါပျက်စီးခဲ့သည့် နေအိမ်တစ်အိမ်လျှင်
၂၃၅၀၀၀၀ ကျပ်ဖြင့် စုစုပေါင်း နေအိမ် ၅၉ လုံးအတွက် ၁၃၈၆၅၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်
နေပြည်တော်ကောင်စီမှ ထောက်ပံ့ပေးအပ်သည့် ခေါက်ဆွဲခြောက်တစ်ဖာနှင့် အသားဆီသွပ်ဗူးများလည်း
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
No comments