သီရိလင်္ကာနိုင်ငံ၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်သဘာဝဘေးအန္တရာယ်များကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းသူ တစ်သိန်းကျော်ရှိလာ
အောက်တိုဘာ ၁၄
သီရိလင်္ကာနိုင်ငံတွင် အောက်တိုဘာ
၇ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့မနက်ပိုင်းအထိ မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့်
နိုင်ငံအတွင်းရှိ ခရိုင် ၁၂ ခုရှိလူပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြောင်း
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး စင်တာ ဒီအမ်စီက ပြောသည်။
ရေကြီးရေလျှံမှု၊ မိုးကြိုးပစ်မှု၊
သစ်ပင်များလဲကျမှုနှင့် လေပြင်းတိုက်မှုတို့ကြောင့် လူပေါင်း ၁၁၈၀၃၂ ဦး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြသည်ဟု
ဒီအမ်စီကဆိုသည်။
အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့်
နေအိမ် ၂၃၄ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်ဟု သိရသည်။ ဆာဘရာဂါမူဝါပြည်နယ်၊ အနောက်မြောက်ပိုင်း၊
အလယ်ပိုင်းနှင့် မြောက်ပိုင်းပြည်နယ် များနှင့် ဂါလီ၊ မာတရာခရိုင်တို့တွင် ရံဖန်ရံခါမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း
မိုးလေဝသဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments