တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့နယ်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

 



မြိတ် အောက်တိုဘာ ၁၄


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ရက်မှစတင်၍ အိမ်တိုင်ရာရောက် ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့တွင် စာရင်းစစ်/ စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူ ဆောင်ရွက်နေသည့် ပြည်သူများ၏ နေအိမ်သို့ ယမန်နေ့က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။


စာရင်းစစ်/စာရင်းကောက်များမှ သန်းခေါင်စာရင်းဆိုင်ရာ အိမ်အကြောင်းအရာ မေးခွန်းများနှင့် လူဦးရေဆိုင်ရာ အချက်အလက် မေးခွန်းများမေးမြန်း၍ Tablet အသုံးပြုကာ စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည့် ကန်ဖျားရပ်ကွက် စာရင်းကောက် နေအိမ်များသို့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့သည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လုပ်ငန်းလမ်းညွှန် မှာကြားသည်။


လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကာ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာ အချက်အလက်များ မေးမြန်းကောက်ယူခြင်းဖြစ်သည်။


မြိတ်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် ပြည်သူများအား သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ရက်မှ ယနေ့အထိ ကောက်ကွက် (၄၃၀)ကျော်၊ အိမ်ထောင်စုပေါင်း (၅၃၅၄၂)စု၊ လူဦးရေပေါင်း (၂၄၄၃၄၁)ဦးကို စာရင်းကောက်ယူ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။


ခိုင်ထူး (ပြန်/ဆက်)



No comments

Powered by Blogger.