ဘားအံနှင့် တာချီလိတ်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ



နေပြည်တော် အောက်တိုဘာ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ လုပ်သားလမ်းရှိ ထိန်လင်း၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၈၀ဝ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီခွဲတွင် ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် အားဂျိုမောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments

Powered by Blogger.