ရေဘေးဒဏ်ခံစားရသောဒေသများရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပရိဘောဂပစ္စည်း များနှင့် စာရေးကိရိယာများ လှူဒါန်း



နေပြည်တော် အောက်တိုဘာ ၁၁


ရေဘေးဒဏ်ခံစားရသော အခြေခံပညာကျောင်းများအတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်းက ကျောင်းသုံးပရိဘောဂများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ စာသင်စားပွဲနှင့်ကုလားထိုင် အစုံ ၄၅၀ ၊ ကျောင်းသုံးဗလာစာအုပ် ဒါဇင်၄၇၀ နှင့် ဘောပင် ၂၇၀၀ တို့ကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကျောင်း (၁၆)ကျောင်းသို့ အောက်တိုဘာ ၁၀ ရက်က ကြိုတင်ပေးပို့လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်) 

No comments

Powered by Blogger.