၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၉
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက်
ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ
ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင်
စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။
ယနေ့တွင် “အမျိုးဂုဏ်၊ ဇာတိဂုဏ်
မြှင့်တင်ရေး” တေးသီချင်း အဆိုပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန
(၂) Banquet Hall ၌ ကျင်းပရာ အဆင့်မြင့် ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မွန်ပြည်နယ်၊
ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက
“ကျေးရွာဝါဒ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင်
ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက
“ဂီတရေစီးကြောင်း” သီချင်းဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြသည်။
ရုပ်သေးကြိုးဆွဲပြိုင်ပွဲကို
မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) Signing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့်
(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ
ပြိုင်ပွဲဝင်များကလည်းကောင်း၊ ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင်
မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊
မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊
ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များကလည်းကောင်း မင်းသားကြိုးဆွဲ
ရုပ်သေးရုပ်နှင့် ဇော်ဂျီကြိုးဆွဲ ရုပ်သေးရုပ်တို့ဖြင့် ကကြိုးကကွက် စုံလင်စွာ ယှဉ်ပြိုင်ကြသည်။
တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ
အလွတ်တန်းအဆင့် အကပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)
Plenary Hall ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ရှမ်း တိုင်းရင်းသားရိုးရာ
အကအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ကျေးလက်ရိုးရာအကအဖွဲ့၊ မကွေးတိုင်းဒေသကြီး
ကိုယ်စားပြု ကျေးလက်ရိုးရာ အကအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ကျေးလက်ရိုးရာ
အကအဖွဲ့၊ ချင်းပြည်နယ် ကိုယ်စားပြုချင်းတိုင်းရင်းသားရိုးရာ ဝါးညှပ်အကအဖွဲ့၊ မွန်ပြည်နယ်ကိုယ်စားပြု
မွန်တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ထားဝယ်ရိုးရာ
အကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ကျေးလက်ရိုးရာ အကအဖွဲ့၊ ဧရာဝတီ တိုင်းဒေသကြီး
ကိုယ်စားပြု ကျေးလက်ရိုးရာ အကအဖွဲ့၊ ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းရိုးရာအကအဖွဲ့၊ ကယားပြည်နယ်
ကိုယ်စားပြု ကယားရိုးရာ အကအဖွဲ့၊ ကချင်ပြည်နယ်ကိုယ်စားပြု ရဝမ်ရိုးရာ အကအဖွဲ့၊ ကရင်ပြည်နယ်ကိုယ်စားပြု
ကရင်ရိုးရာ ဒုံးယိမ်းအကအဖွဲ့နှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်ရိုးရာ အကအဖွဲ့တို့က
တိုင်းရင်းသားနှင့် ကျေးလက်ရိုးရာ ဓလေ့စရိုက်များ ပေါ်လွင်စေမည့် အကအလှများဖြင့် အဖွဲ့လိုက်
အချိုးအဆစ် ညီညာပြေပြစ် ရသမြောက်စွာ ကပြယှဉ်ပြိုင်ကြသည်။
အရေးပြိုင်ပွဲကို သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ဒုတိယတန်း
)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “ဂီတဖြင့် ပြည်အလှဆင်မည်”
ခေါင်းစဉ်ဖြင့် ဂီတရသစုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်ကြသည်။
ဒုံမင်း အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန (၂) News Briefing Room ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း)
အမျိုးသားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မန်းတောင်လက်ယာ” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊
ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်
ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဖန်ထွေလာ”(မွန်) သီချင်းဖြင့်လည်းကောင်း၊
အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာမြို့”
(ကြိုး)သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင်
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ဇေယျာမြို့”(ကြိုး) သီချင်းဖြင့်လည်းကောင်း၊
ဝါသနာရှင်အဆင့် (ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “ဇမ္ဗူတောင်ညာ” (ပတ်ပျိုး) သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်အဆင့်
(ဒုတိယတန်း) အမျိုးသမီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “သည်ဆောင်းဟေမန်” (ဘွဲ့) သီချင်းဖြင့်
လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ကျွန်းကျွန်းပိုင်သ” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊
အဆင့်မြင့် ပညာအဆင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “တောဟေဝန်လယ်” (ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်
(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေမင်းဂံ” (ကာလပေါ်) သီချင်းဖြင့်လည်းကောင်း၊
အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ရွှေမင်းဂံ”
(ကာလပေါ်) သီချင်းဖြင့် လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
တိုင်းရင်းသားတို့၏ ရိုးရာတူရိယာ
အလွတ်တန်းအဆင့် အတီးပြိုင်ပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)
Plenary Hall ၌ကျင်းပရာ မွန်ရိုးရာတူရိယာအဖွဲ့၊ ကချင်ရိုးရာ တူရိယာ ဂီတသံစဉ်အဖွဲ့၊
ရခိုင်ရိုးရာတူရိယာအဖွဲ့၊ ကရင်ရိုးရာတူရိယာအဖွဲ့၊ ချင်းရိုးရာတူရိယာအဖွဲ့၊ ရှမ်းရိုးရာ
တူရိယာအဖွဲ့နှင့် ကယားရိုးရာ တူရိယာအဖွဲ့တို့က မိမိတို့၏ ရိုးရာဓလေ့စရိုက်များ၊ ယဉ်ကျေးမှု
အမွေအနှစ်များနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါ်လွင်စေမည့် အဆို၊ အကများနှင့်အတူ မြိုင်ဆိုင်လှသည့်
တီးလုံးတီးကွက်များ ပေါင်းစပ်၍ လက်စွမ်းပြတီးခတ် ယှဉ်ပြိုင်ကြသည်။
ပတ္တလား အတီးပြိုင်ပွဲကို အမျိုးသားပြတိုက်
(နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) အမျိုးသားပြိုင်ပွဲတွင်
ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “ညင်းညင်း”(မွန်) သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်အဆင့် (ပထမတန်း)
အမျိုးသမီးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “ခိုင်ပန်းစုံ” (ထပ်တွန့် ယိုးဒယား)
သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) အမျိုးသားပြိုင်ပွဲတွင်
ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “မင်္ဂလာသီရိ” (ဘွဲ့) သီချင်းဖြင့်လည်းကောင်း ငြိမ့်ညောင်းသာယာစွာ
တီးခတ်ယှဉ်ပြိုင်ကြသည်။
ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲကို
အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်
(ဒုတိယတန်း) အမျိုးသားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပြိုင်ပွဲဝင်များက “လေပြည်ဆော်သွင်မြူး”
(ယိုးဒယား) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)
အမျိုးသားပြိုင်ပွဲတွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက
“ဘုံဆောင်မြင့်” (ကြိုး) သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅
နှစ်အတွင်း) အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ
ပြိုင်ပွဲဝင်များက “ဘုံဆောင်မြင့်” (ကြိုး) သီချင်းဖြင့်လည်းကောင်း တီးခတ်ယှဉ်ပြိုင်ကြသည်။
ကွက်စိပ်ပြိုင်ပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ
လေ့ကျင့်ရေးဇာတ်ရုံ၌ ကျင်းပရာ ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင် မွန်ပြည်နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များက “မဟာသုတသောမ ဇာတ်တော်”ဖြင့်
ဇာတ်တော်၏ အနှစ်သာရနှင့်ဦးတည်ချက် ပေါ်လွင်အောင် နှုတ်မှုစွမ်းရည်ပြသ ဟောပြောယှဉ်ပြိုင်ကြသည်။
ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲကို
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပရာ ဝါသနာရှင်အဆင့်
(ပထမတန်း) ပြိုင်ပွဲတွင် “ဝေဿန္တရာ” ဇာတ်တော်ကြီးဖြင့် ကရင်ပြည်နယ် ကိုယ်စားပြု “ရွှေဖားစည်သံအောင်နန်းစံ”
ရုပ်စုံသဘင်အဖွဲ့က မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ကျူးသည့် အကအလှများ၊
စကားပြောများဖြင့် တင်ဆက်ကပြယှဉ်ပြိုင်ကြသည်။
ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ
လဟာပြင်ဇာတ်ရုံ၌ ကျင်းပရာ ဇာတ်တော်ကြီးအဖွဲ့လိုက် ဝါသနာရှင်အဆင့် (ပထမတန်း) ပြိုင်ပွဲတွင်
“မဟာဇနက” ဇာတ်တော်ကြီးဖြင့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ရွှေမင်းသားလေး ကောင်းစစ်ဟိန်း
ဇာတ်သဘင်အဖွဲ့က မူရင်း ဇာတ်တော်ကြီး၏ တီးလုံးတီးချက်များကို မြန်မာ့ဇာတ်သဘင်၏ ဆို ငို
ပြော ပညာရပ်များ၊ အကအလှများနှင့် အနုပညာ ရသမြောက် ပေါင်းစပ်ပြီးယှဉ်ပြိုင်ကြသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး
ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပိုးရယ်အောင်သိန်း၊
ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးအောင်ကျော်ဟိုး၊
ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာစိုးဝင်း၊
Jeng Phang နော်တောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်
(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ၊
နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့်
၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊
လူမှုရေးဝန်ကြီးများ၊ ဥပဒေချုပ်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊
အနုသုခုမသဘင်ကို ချစ်မြတ်နိုးကြသည့် မိဘပြည်သူများနှင့် ပြိုင်ပွဲဝင်များ၏ အုပ်ထိန်းသူများ၊
မိဘများက ပြိုင်ပွဲနေရာ အသီးသီး၌ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲကြီး၏ အရေးပြိုင်ပွဲတွင်
ဝါသနာရှင်အဆင့် ပထမတန်း (အမျိုးသား၊ အမျိုးသမီး)၊ ဝါသနာရှင်အဆင့် ဒုတိယတန်း (အမျိုးသား၊
အမျိုသမီး)၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား၊ အမျိုးသမီး)၊ အခြေခံပညာအဆင့် (အသက် ၁၅
နှစ်မှ ၂၀ နှစ် အတွင်း) (အမျိုးသား၊ အမျိုးသမီး) အဆင့်များ သတ်မှတ်၍ သတ်မှတ်ခေါင်းစဉ်အလိုက်
ဂီတရသ စုံလင်စွာ ဖော်ကျူးတေးဖွဲ့ ယှဉ်ပြိုင်လျက်ရှိသည်။
အတီးပြိုင်ပွဲများတွင် တစ်ဦးချင်း
ပြိုင်ပွဲများဖြစ်သည့် စောင်း၊ စန္ဒရား၊ ပတ္တလား၊ နှဲ၊ ပလွေ၊ တယော၊ မယ်ဒလင်၊ ဂီတာ၊
ဒုံမင်း၊ ဆိုင်းတစ်ဦးချင်း ပြိုင်ပွဲများနှင့် ဆိုင်းဝိုင်းကြီး အဖွဲ့လိုက်ပြိုင်ပွဲတို့အတွက်
အဆင့်အလိုက် မဲကျရာ တေးသီချင်းများဖြင့် ယှဉ်ပြိုင်ကြရပြီး အိုးစည်၊ ဒိုးပတ်အဖွဲ့လိုက်
ပြိုင်ပွဲများကို ယခင်နှစ်နည်းတူ ယှဉ်ပြိုင်ကြသည်။ ထို့ပြင် ငွေရတုအထိမ်းအမှတ်အဖြစ်
ပြည်နယ်တစ်ခုလျှင် ကြာမြင့်ချိန် အနည်းဆုံး ၅ မိနစ်မှ ၈ မိနစ်ထက်မပိုသော တိုင်းရင်းသား
ရိုးရာတူရိယာများဖြင့် လက်စွမ်းပြ ဖျော်ဖြေ တင်ဆက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments