၂၀၂၄ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်းဆွေးနွေးပွဲကျင်းပ



နေပြည်တော်၊ အောက်တိုဘာ ၁၅

အောက်တိုဘာ(၁၆) ရက်တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေး၊ လူသားတိုင်း စား‌ရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များက လက်ရှိကမ္ဘာပေါ်၌ စားရေရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝမှုနှင့် လူသားတိုင်းအစားအစာ လုံလောက်မှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် အဓိကသီးနှံများဖြစ်သော ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဖူလုံမှု အခြေအနေ၊ မွေးမြူရေးကဏ္ဍအနေဖြင့် အသား၊ ငါး၊ နို့၊ ဥစသည့် အစားအသောက်များ လုံလုံလောက်လောက် ရရှိရေးအတွက် ထုတ်လုပ်မှု၊ စားသုံးမှု၊ ဖူလုံမှုအခြေအနေ၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေချိုရေငန် ငါးပုစွန်၊ ငါးပိ၊ ငါးခြောက်စသည့် ရေထွက်ကုန်များ မွေးမြူထုတ်လုပ်မှု၊ သဘာဝရေပြင်မှ ဖမ်းဆီးရရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ဖူလုံမှု အခြေအနေနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ အာဟာရပြည့်ဝရေးစသည့် လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန်အတွက် စိုက်ပျိုးရေးစားနပ်ရိက္ခာစနစ်အသွင် ကူးပြောင်းခြင်း (Agri-food system Transformation) ကို စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး  ဆွေးနွေးပွဲကို ပိုမိုကောင်းမွန်သောဘဝ ရရှိရေးအတွက် လူသားတိုင်း အစားအစာလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရန်၊  စားရေရိက္ခာဖူလုံမှုနှင့် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးနိုင်ရန်၊ ပြည်တွင်းနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များ၊ ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် စိုက်ပျိုးရေး စားနပ်ရိက္ခာစနစ် အသွင်ကူးပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ထုတ်ဆွေးနွေးနိုင်ရေးတို့အတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ် 

 


No comments

Powered by Blogger.