လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်းနှင့် စိုက်ပျိုးပြီး ရတနာတန်းဝင်ကျွန်းပင်များ၊ စပါးသီးနှံများ၊ သီးပင်စားပင်များ ရှင်သန်ဖြစ်ထွန်းနိုင်ရေး ပြုစုပျိုးထောင်ခြင်း အခမ်းအနား ကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၅


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ခြင်းနှင့် စိုက်ပျိုးပြီး ရတနာတန်းဝင် ကျွန်းပင်များ၊ စပါးသီးနှံများ၊ သီးပင်စားပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းနိုင်ရေး ပြုစုပျိုးထောင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝန်းအတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက် ကြသည်။


ဦးစွာ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရာသီသီးနှံစိုက်ခင်း လယ်ကွင်းအနီးရှိ တစ်ဖက်ပိတ်ချောင်းအတွင်းသို့ ငါးသားပေါက်များကို စိုက်ထည့်ပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများက ငါးသားပေါက်များကို တစ်ပြိုင်တည်းစိုက်ထည့်ပေးကြသည်။


ထို့နောက် နေပြည်တော်ဗဟိုသင်တန်းကျောင်းဝန်း အတွင်းရှိ မြေလွတ်မြေရိုင်းများကို လယ်ယာမြေများ ဖော်ထုတ်၍ ဝန်ထမ်းများ သက်သာချောင်ချိရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ရန်အတွက် စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းအောင်မြင်နေမှု၊ ရာသီသီးနှံများဖြစ်သည့် ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ နံနံ၊ မုံညင်း၊ ပဲစင်းငုံနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဒန့်သလွန်၊ ဂွေးတောက်၊ ကင်ပွန်းချဉ်၊ ငှက်ပျော၊ သရက်၊ မာလကာ၊ နဂါးမောက်၊ နာနတ် စသည့်သီးပင်စားပင်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် စိုက်ပျိုးခဲ့သည့် ရတနာတန်းဝင် ကျွန်းပင်များနှင့် နှစ်ရှည်ပန်းအလှပင်များကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးကြီးထွားရန် ပေါင်းမြက်များ ရှင်လင်းခြင်း၊ မြေဆွခြင်း၊ မြေတောင်မြှောက်ပေးခြင်း ပြုစုပျိုးထောင်ဆောင်ရွက်နေမှုနှင့် ရှင်သန်အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။



လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယနေ့ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းနှစ်သောင်းကို စိုက်ထည့်ခဲ့ပြီး ဝန်ထမ်းများ သက်သာ ချောင်ချိရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးထားသည့် သီးပင်စားပင်များနှင့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် စိုက်ပျိုးပြီးရှင်သန်ဖြစ်ထွန်းနေသည့် ရတနာတန်းဝင်ကျွန်းပင်များနှင့် နှစ်ရှည်ပန်းအလှပင်များ ဆက်လက်ရှင်သန်ကြီးထွားနိုင်ရေး ပြုစုပျိုးထောင်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

  

သတင်းစဉ်


No comments

Powered by Blogger.