အင်ဒိုနီးရှားနိုင်ငံသမ္မတအဖြစ် ပရာဘိုဝို ဆူဘီယန်တို ကျမ်းသစ္စာကျိန်ဆို
ဂျကာတာ၊ အောက်တိုဘာ ၂၀
အင်ဒိုနီးရှားတပ်မတော်မှ ဗိုလ်ချုပ်ကြီးဟောင်း
ပရာဘိုဝို ဆူဘီယန်တိုသည် အင်ဒိုနီးရှားနိုင်ငံ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် အောက်တိုဘာ
၂၀ ရက် နံနက်ပိုင်းက ပါလီမန်အဆောက်အအုံတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ယနေ့ဆင်ဟွာသတင်းအရ
သိရသည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်
ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုနှင့် သမ္မတဟောင်းဂျိုကိုဝီဒိုဒို၏
သားအကြီး ဆူရာကာတာမြို့ မြို့တော်ဝန်ဟောင်း ဂျီဘရန်ရာကာ ဘူမင်ရာကာတို့သည် ယခုနှစ် ဖေဖော်ဝါရီ
၁၄ ရက်တွင်ကျင်းပသည့် သမ္မတရွေးကောက်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် အသီးသီးရွေးကောက် တင်မြှောက်ခံခဲ့ရသည်။
နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို
ဦးထိပ်ထားကာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်မည်ဟု အဖွင့်မိန့်ခွန်းပြောကြားရာတွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ထည့်သွင်းပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments