အလုံမြို့နယ်၌ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှု တာဝန်ရှိသူများ ကြည့်ရှုအားပေး

 



အလုံ အောက်တိုဘာ ၁၄


၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်မှစတင်၍ သက်ဆိုင်ရာ သန်းခေါင်စာရင်း ကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိရာ ယနေ့တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ 


အလုံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့် ကြီးကြပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့မှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


အလုံမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ထိ စာရင်းစစ်/ စာရင်းကောက်အဖွဲ့ (၇)ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ အိမ်ထောင်စု (၅၈၀)၊ အများသား (၈၇၇)ဦး၊ အမျိုးသမီး (၁၂၇၄)ဦး စုစုပေါင်း(၂၁၅၁)ဦး ကောက်ယူပြီးစီးခဲ့ပြီး ကောက်ကွက်ပေါင်း (၉၆)ကွက်တို့တွင် ကောက်ကွက် (၈၄)ကွက်၊ အိမ်ထောင်စုပေါင်း (၈၇၁၂)၊ အမျိုးသား (၁၆၅၄၈)ဦး၊ အမျိုးသမီး (၂၀၉၆၃)ဦး စုစုပေါင်းလူဦးရေ (၃၇၅၁၁)ဦး ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။  


ယောဧရာ (မြို့နယ် ပြန်/ဆက်)

No comments

Powered by Blogger.